စည်းကမ်းချက်များ

           စည်းကမ်းချက်များနှင့် ပတ်သက်ပြီး အထူးသတိပြုသင့်သည်မှာ Toli Moli Store တွင် အော်ဒါတင်ပြီး ပစ္စည်းများအတွက် ငွေပေးချေပြီးမှ Cancel လုပ်ခြင်းမျိုး ခွင့်မပြုပါ။ ငွေလွဲ မှာယူပြီး ဝယ်ယူထားသော ပစ္စည်းများအတွက် ငွေပြန်အမ်းပေးမည် မဟုတ်ပါ။ 

           ဝယ်ယူပြီး ပစ္စည်းများ လဲလှယ် မပေးပါ။

          လူကြီးမင်းတို့မှာယူသော ပစ္စည်းများသည် မှာယူထားသော ပစ္စည်းများနှင့် လွဲချော်ပြီး ရောက်ရှိလာပါကသော် လည်းကောင်း၊ ပစ္စည်းမှားလာပါကသော် လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာ ယိုယွင်းပျက်စီးပြီးမှ ရောက်ရှိလာပါကသော် လည်းကောင်း၊ ဝယ်ယူသည့် ပစ္စည်းမှာ လက်ကျန်မရှိတော့သည့် အခြေအနေတွင် သော်လည်းကောင်း ငွေပြန်အမ်းပေးပါသည်။ ငွေပြန်အမ်းရာတွင် အဆိုပါ အချက်အလက်များအတိုင်း ပေါ်ပေါက်မှသာလျှင် အမ်းပေးမည် ဖြစ်သည်။

          ပို့ဆောင်ခနှင့် ပတ်သက်ပြီး မှာယူသော ပစ္စည်းများ၏ သယ်ယူပို့ဆောင်စရိတ်( Delivery Fees) ကို ဝယ်ယူသူ လူကြီးမင်းများမှ မိမိထံ Delivery မှ ပစ္စည်းလာရောက် ပို့ဆောင်ချိန်တွင် ရှင်းပေးရမည် ဖြစ်သည်။

         Toli Moli Store တွင် ရောင်းချသော ပစ္စည်းများသည် ပစ္စည်းတန်ဖိုးသာ ဖော်ပြထားပြီး ပို့ဆောင်ခ မပါရှိပါ။သို့အတွက်ကြောင့် လူကြီးမင်း မှာယူသော ပစ္စည်း၏ ပို့ဆောင်ခကို လူကြီးမင်းဘက်က ရှင်းပေးရပါမည် ခင်ဗျာ။

         ငွေလွဲရာတွင် လူကြီးမင်း မှာယူသော ပစ္စည်းများ၏ တန်ဖိုးငွေ စုစုပေါင်းအား ကျွန်ုပ်တို့၏ Bank Account နှင့် K Pay (or) AYA Pay သို့ တိုက်ရိုတ်ပေးသွင်းပြီး ငွေလွဲပါရန် ခင်ဗျာ။ 


        လူကြီးမင်းတို့ ငွေလွဲရာတွင် သက်ဆိုင်ရာ ငွေလွဲတွင်(Bank Acc / K Pay / AYA Pay) ငွေလွဲမည့် ပမာဏရိုတ်ထည့်ပြီး အောက်ရှိ မှတ်ချက်ရေးရန်(Remark) ဆိုသည့် နေရာတွင် မိမိတို့မှာယူသည့် အော်ဒါ၏ မှာယူမှု ID ကို ထည့်သွင်းရေးသား ပေးရပါမည် ခင်ဗျာ။ ထို့သို့ မှာယူမှု ID မပါရှိသော ငွေလွဲများကို လက်ခံပေးမည် မဟုတ်ပါ။ အဆိုပါ နည်းအတိုင်း ပေးသွင်းသော ငွေများကို ပြန်လည်အမ်းပေးမည် မဟုတ်ပါ။


လေးစားစွာဖြင့်

Toli Moli Store

La Yaung

Service Fees 7%
Visaကဒ်ထဲက ငွေထုတ်ချင်လား?

မိနစ်ပိုင်းအတွင်း ထုတ်ပေးသည်

Call Now
Service Fees 7%+2000ကျပ်
Visaကဒ်ထဲ ငွေထည့်ချင်လား?

မိနစ်ပိုင်းအတွင်း ထည့်ပေးသည်

Call Now

"WhatsAppမှတစ်ဆင့် စာပို့ပါ"

ပစ္စည်းများ၏ အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက မေးမြန်းနိုင်သည်။

"ငွေပြန်အမ်းပေးခြင်း"

လူကြီးမင်းတို့၏ မှာယူသော ပစ္စည်းများနှင့် ပတ်သက်ပြီး ပြဿနာရှိပါက ငွေပြန်အမ်းပေးသည်။

"24/7 ဆက်သွယ်ပါ"

လူကြီးမင်း၏ ပြဿနာအတွက် အကူအညီ လိုပါက ဆက်သွယ်နိုင်ပါသည်။